Saturday, May 18, 2013







၂၀-၅-၂၀၁၃
ဇော်ဝင်းထွဋ်ရဲ့ အခန်းထဲမှာ ဂျစ်ပစီမိုးတိမ် သီချင်းကိုGuitar Pro notation full version ရလို့ ထပ်တင်ပေးလိုက်ပါတယ်ဗျာ

၁၈-၅-၂၀၁၃
   
 ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမား Joe Satriani ရဲ့ ဂစ်တာလျှို့ဝှက်ချက်များ စာအုပ် ကို အခန်း (၃၀) ထဲမှာ တင်လိုက်ပါတယ်ခင်ဗျာ။ အဖိုးတန်စာအုပ်တစ်အုပ်ပါ။ သူက စတိဗေရဲ့ဆရာရင်းလည်းဖြစ်ပါ တယ်။ စတိဗေကို ဂစ်တာသင်ပေးခဲ့တာသူပါ။








  ၁၇-၅-၂၀၁၃
ဟေမာနေ၀င်း အခန်းသစ် နံပါတ် (၈၉) ကို ဖွင့်လှစ်လိုက်ပါ၏  Original Uploader  နှင့် တရုတ် နုတ်ရေးသူအားလုံးကို အခန်းထဲမှာ Credit ပေးထားပါသည်။











  ၁၆-၅-၂၀၁၃
 ကိုလေးဖြူအခန်းထဲမှာ ကိုမင်းသန့်လွင်လှူဒါန်းလာတဲ့ သံယောဇဉ် Guitar pro notation ကိုတင်လိုက်ပါတယ်ခင်ဗျာ ကျေးဇူးပါကိုမင်းသန့်လွင် (ကျွန်တော်လည်းနယ်ပြန်နေအခုမှပြန်ရောက်လို့ ဆိုဒ်လေးဘက်ကိုခြေဦးမလှည့်နိုင်တာပါအစ်ကိုတို့ရေ.....)







၁၄-၅-၂၀၁၃





 အကိုကြီး ဗစ်တာခင်ညို ဆိုတာ အထက်တန်းကျောင်းသားဘ၀ ဂစ်တာရူးဘ၀က ကြိုက်နှစ်သက်ခဲ့ တဲ့ အဆိုတော်ကြီးတွေထဲမှာ တစ်ယောက် အပါအ၀င်ပါ။ သူ့ နံမည်ကြီး သီချင်း.နွေတို့ မြခွာညိုတို့ကို အခုထိ ခံစားလို့ရတုံးဘဲ။ သူ့ကိုအမှတ်ရ ဂုဏ်ပြုတဲ့အနေနဲ့ သူ့အခန်းလေးလုပ်ဖို့ စဉ်းစားပြီး နုတ်တွေလိုက်စုတော့. .ဘော်ဘော်စိုးသွင်ဦးဆီက (၂)ပုဒ်လောက် ရတယ်။ သူ့ဆီက "လိုက်ခဲ့တော့" Rock သီချင်းလေးတောင်းတာမရှိဘူးတဲ့။ ဒါကြောင့် ကိုယ့်နုတ် ထင်းရူးသေတ္တာဝါကြီး ထဲ လှန်လှောလိုက်ရှာတော့.. ကံကောင်းစွာ..ပြည်မြို့က သူငယ်ချင်းကျော်ကြီး ကော်ပီကူးပေးထားတဲ့ စာရွက်တွေတောင်ဝါပြီးဟောင်းနေတဲ့ " လိုက်ခဲ့တော့" နဲ့ "ဒီဇင်ဘာနံနက်ခင်း" နုတ်စာရွက်လေးတွေ ထွက်လာပါတယ်။ စာသားတွေကော့ဒ်တွေလုံးဝမမြင်ရ တော့လို့ photoshop နဲ့ ဦးဏှောက်လိုက်စားတာ ၂ နာရီကျော်လောက်တောင်ကြာသွားတယ်။   လိုက်ခဲ့တော့ကိုတော့ ပြန်လုပ်လို့ရပေမဲ့။ ဒီဇင်ဘာနံနက်ခင်းကိုဆက်မလုပ်နိုင်တော့ဘူး။ခေါင်းတွေ ထိုးလာလို့ နောက်နေ့တွေအားမှဘဲဆက်လုပ်တော့မယ်။ အဲဒီ့ Revised လုပ်ထားတဲ့ "လိုက်ခဲ့တော့" တရုတ်နုတ်လေး ကို ဗစ်တာခင်ညို အခန်းနံပါတ်(၈၈)မှာ Update လုပ်တင်ပေးလိုက်ရင်း၊ ဗစ်တာခင်ညိုနဲ့ ဘယ်ရောက်နေမှန်းမသိတော့တဲ့ သူငယ်ချင်းဟောင်း ကျော်ကြီးကို ဂုဏ်ပြုလိုက်ပါ တယ်ဗျာ။
( မှတ်ချက်.. ကျွန်တော်တို့ ဒီ-၀ါသနာရှင် မြန်မာနုတ် Library ထဲမှာ ကိုစိုးသွင်ဦးဆီက နုတ်တွေအသင့် စုစည်းပြီး ယူယူတင်ဖြစ်နေတော့၊ သက်ဆိုင်ရာအခန်းတွေထဲမှာသူ့နံမည်နဲ့ Credit ပေးထားတာမလုံလောက်သေး ဘူးထင်တာနဲ့။ သူ့မှာမရှိတဲ့ ဒီ"လိုက်ခဲ့တော့" နုတ်လေးကို အပြည့် PDF version အဖြစ်သာမကဘဲ..ကိုစိုးသွင်ဦးများယူသုံးဖြစ်ခဲ့ရင်..သူက နုတ်ကို သူ့ laptop နဲ့ဖတ်လေ့ ရှိတော့ သူဖတ်လို့အဆင်ပြေအောင် Laptop နဲ့ ဖတ်လို့ရမဲ့ JEPG ဓါတ်ပုံဗားရှင်း နုတ်ကလေးပါ အချိန်ယူလုပ်လိုက်ပြီး PDF ရယ် JEPG ရယ်ကို WinRar ဖိုင်နဲ့ ကုဒ်ပြီး တင်ပေးလိုက်ပါတယ်နော် )




 ၁၂-၅-၂၀၁၃
  • ကျွန်တော်တို့ ဘလော့ဂ်ရဲ့ ပင်တိုင်ဒါနရှင်တွေထဲမှာတစ်ဦးအပါအ၀င်ဖြစ်တဲ့..ကိုယ်ပိုင် ဂစ်တာပရို-၆ နုတ်တွေ ပင်ပင်ပန်းပန်းထုတ်နုတ်လုပ် ပြီးလှူလှူနေတဲ့ ပေါ်တော်မူ ကိုဆက်အောင်နိုင်ရဲ့ အောက်ပါ စာလေး ကို တင်ပြလိုက်ရင်း..သူလှူတဲ့ ဂစ်တာပရို-၆ နုတ်တွေကို ဆိုင်ရာအခန်းတွေမှာတင်လိုက်ပါတယ်။
  • ကဗျာဘွဲ့မှူးကတော့ သီချင်းနဲနေသေးလို့ အခန်းသစ်မဖွင့်ဘဲ...အခန်း(၁၃)ထဲမှာဘဲ တင်ပေးလိုက်ပါတယ်။
  • ပေါ်တင်ပြောရရင်..တစ်ပုဒ်လုံးအစအဆုံး မထုတ်ထားတဲ့ နုတ်တွေကိုတော့ ဒေါင်းမဲ့သူတွေ အဆင်မပြေမှာစိုးလို့မတင်ချင်လှသော်လည်း..ကိုဆက်အောင်နိုင်ရဲ့ စေတနာ၊မေတ္တာနဲ့သူ့ဝါယမ ကို Honour လုပ်ချင်လို့ ဆိုင်ရာအခန်းတွေထဲမှာ Intro only, Solo only လို့ဖေါ်ပြပြီးတင်ပေး လိုက်ပါတယ်။ အပြည့်ပြန်လုပ်ပေးမဲ့သူရှိရင်လည်း အစားထိုးထပ်တင်ပါမယ်။

အလှူ့ရှင် ကိုဆက်အောင်နိုင်၏ ဂစ်တာပရိုနုတ်များနှင့် အတူပေးပို့လာသောစာ

ဟိုင်း မြန်မာနုတ်အဖွဲ့သားများ နေကောင်းကြလား?
ကျနော်လည်း တော်တော်ပျောက်သွားတယ်ဗျာ sorry
ကျနော် စာမေးပွဲတွေဖြေနေရလို့ပါ
အခုတော့ ပြီးသွားပြီမို့လို့ ကျနော် လုပ်ထားသမျှလေးတွေ share လိုက်ပါတယ်
ကျနော့ electric guitar , effect ပျက်နေလို့ဗျာ. လျှပ်စစ်မတီးရတာ တော်တော်ကြာပြီ
လျှပ်စစ်မတီးရတော့လဲ unplugged လေးတွေပဲလုပ်ထားလိုက်ပါတယ်ဗျာ

၁။ ချမ်းချမ်းရဲ့ ဘယ်ကိုလဲ သီချင်းပါ acoustic solo လေးကိုသဘောကျလို့လုပ်ထားတာပါ
၂။ ၀ိုင်ဝိုင်း - ဒူးထောက်ပြီ  ကတော့ ဆိုလိုအပိုင်းလေးပဲ ဖြတ်ပြီးရေးထားပါတယ် တစ်ပုဒ်လုံးရေးရမှာ ပျင်းလို့ဗျာ
၃။သီအိုရီ လေးဖြူ - ဒီဟာလဲရေးရင်းနဲ့ပျင်းလာလို့ အပြီးထိမပါဘူး။ ဆိုလိုအပြီးထိပဲပါတယ်ဗျ။ မသုံးချင်ရင်လဲ ချန်ခဲ့လိုက်ပါဗျာ ရပါတယ်။
၎။ထူးအိမ်သင် လွမ်းသူ့အိပ်မက် - ဒီဟာလဲ ဆိုလိုအပြီးထိပဲပါတယ်။ ဘာလို့ဆိုတော့ နောက်ပိုင်းတွေဆက်မရှာတတ်တော့လို့။ unplugged ခွေထဲမှာ ပါတယ်။ IC နဲ့ပါပဲ။ ကြိုက်လို့လုပ်ထားတာ
၅။လေးဖြူ ရိုဆီ - ကတော့ တကယ်ကိုကြိုးစားပမ်းစားလုပ်ထားတာပါ။ လွဲတာတွေလဲပါပါတယ်။ ဒါပေမယ့် ကြိုးစားပြီး လုပ်ထားပါတယ်။ unplugged ပါပဲ။
၆။ကဗျာဘွဲ့မှုး တစ်ခါတစ်လေတော့လည်း -- ဆိုလို ၀င်လာတဲ့ arrangement လေးကိုကြိုက်လို့လုပ်ထားလိုက်တာပါ။
၇။အငဲ သန်းခေါင်ယံနောက် - ဒီဟာကတော့ ကျနော်ရွီးထားတာပါ ဟဲဟဲ။ အလယ်ဆိုလိုလောက်ပဲရတယ်။ ending solo တော့မရှာတတ်ဘူး။
၈။ဝေး - ဒါကတော့ဆရာကျတဲ့သီချင်းလေ။ intro လေးတောင် အသက်ထွက်အောင်ရှာထားရပါတယ်ဗျာ..


.
၉-၅-၂၀၁၃



     photo New-14-june.gif
 မိုနိုတွေ Update မလုပ်နိုင်ခဲ့တာ ကြာလှပြီမို့.. မိုနိုလိုင်းမှာ ဆရာတစ်ဆူဖြစ်နေတဲ့..ကိုဗညားဟန်ရဲ့ တရုတ်နုတ် (၃၀) လောက်- ရှာကောက်တင်လုပ်လိုက်ပါတယ်။ မူရင်းနုတ်ရေးသူများအားလုံးနဲ့ original uploader တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း .မြန်မာနုတ်ဘလော့ဂ် သူငယ်ချင်းများ အားလုံးရဲ့ ကိုယ်စားပြောလိုက်ပါရစေ။ ဗညားဟန် အခန်းထဲမှာ လည်း Credit ပေးထားပါတယ်။  ကိုဗညားဟန်ကိုနေရာချထားတဲ့..အခန်းသစ်နံပါတ်က (၈၇)ပါနော်။






၈-၅-၂၀၁၃

အခန်း(၃၀) ဂီတလက်စွဲနည်းပညာစာအုပ်များ အခန်း ထဲမှာ အောက်က ဟာလေး ထပ်တင်တယ်။

                                      
အဆင့်မြင့်တက်ပင်တီးခတ်နည်း





၅-၅-၂၀၁၃

အခန်း(၃၀) ဂီတလက်စွဲနည်းပညာစာအုပ်များ အခန်းထဲမှာ အောက်က အဖိုးတန် စာအုပ် (၂)အုပ်တင်ပေးလိုက်ပါတယ်။ ဒုတိယကူးတင် ဟာက..အသံနဲ့နုတ်နဲ့ပါ တွဲပြီး အွန်လိုင်းနားဆင်/ဖတ် လို့ရပါတယ်

 ပီတာဖစ်ရှာ၏ ရော့ခ်ဂစ်တာလျှို့ဝှက်ချက်များ ( တက်ပင်တီးနည်းများအပါအ၀င် )





     မရှိမဖြစ်လက်စွဲထားရမည့် ဘလူးဂစ်တာ အင်ထရိုနဲ့အောက်ထရို Riff (၄၀) (အသံဖိုင်+ နုတ်စ်)
    Blues intros and outros



    ၁-၅-၂၀၁၃


    ကိုလေးဖြူကြီးအခန်းထဲမှာ ရနိုင်သလောက် နုတ်အသစ်တွေလိုက်ဖြည့် တင်လိုက်ပါတယ်ဗျာ။ အများကြီးမို့ ဘာတွေလဲ မဖေါ်ပြတော့ပါဘူးနော်။ လိုချင်ရင် သွားဒေါင်း !




    ၂၉-၄-၂၀၁၃


    မနေ့က ကိုဟယ်ရီလွင်ရေးတဲ့ ဂီတအခြေခံစာအုပ်နဲ့အတူ ..  မြန်မာနုတ်စ်ဘလော့ဂ်ကိုလာတဲ့ဂစ်တာသမားတိုင်းကို လက်ကိုင်ထားဖို့ တိုက်တွန်းချင်တဲ့ မြန်မာဘာသာနဲ့ရှင်းလင်းရေးသားထားတဲ့ လိဒ်ဂစ်တာ နည်း အဖိုးတန် စာအုပ် (၃)အုပ်ကို အခန်း (၃၀) မှာ တင်လိုက်ပါတယ်။ မဖြစ်မနေ ဒေါင်းလုပ် ရယူဆောင်ထားလေ့လာပါ။

    (၁)ဆရာကြီး P-Morgan ရဲ့ အပြည်ပြည်ဆိုင်ရာသုံးနုတ်သင်္ကေတများနှင့်မြန်မာလို ရှင်းလင်းလျှက် လိဒ်ဂစ်တာ တီးခတ်နည်းစာအုပ်



    (၂) ဆရာကိုညီညီထွေးရဲ့ Rock Guitar တီး ခတ်နည်းစာအုပ်


    (၃) ခိုင်ကျော် ရဲ့ အဆင့်မြင့်လိဒ် ဂစ်တာတီးခေတ်နည်း ( Blue Rock & Metal )


    ၂၈-၄-၂၀၁၃
    လေ့ကျင့်ထားသင့်တဲ့riff စာအုပ်တစ်အုပ်ဖြစ်တာကြောင့် အခန်း(၈၀) ထဲမှာတင်ပေးလိုက်ပါတယ်Total Rock Guitar ဟုဆိုထားသည့် အတိုင်း တကယ့်ကို ပြည့်စုံကောင်းမွန်သော လေ့ကျင့်ခန်းများဖြစ်ပါသဖြင့် လေ့လာကြပါလို့ အထူး တိုက်တွန်းလိုပါသည်။

    International Notes ကိုယခုမှစကြည့်သူများနှင့် လေ့လာလိုသူများအတွက်နဲ့ ဂီတသမားတိုင်းလက်ကိုင်ထားသင့်တဲ့ ကိုဟယ်ရီလွင် (မြန်မာမိသားစုဖိုရမ်)ရေးထားတဲ့ Rudiments & Theory of Music  ဂီတအခြေခံစာအုပ်ကို အခန်း(၃၀) ထဲမှာတင်ပေးလိုက်ပါတယ် လိုခြင်းသူများသွားရောက်ဒေါင်းလော့လုပ် ယူပါလေ့။ photo New-14-june.gif



    • ဒီနုတ်ဘလော့ဂ်ရဲ့ပင်တိုင် ဒါနရှင်ဖြစ်တဲ့ ကိုသူရသော်သော် ပို့လှူထား တာ ကြာပြီဖြစ် တဲ့ ဒီလေးရဲ့ မင်းနားလည်မှာပါ  သီချင်း ဂစ်တာပရို-၆ နုတ်ကို အခန်း(၁၃)ထဲမှာ တင်ပေး လိုက် ပါတယ်ဗျို့....!


    ၂၆-၄-၂၀၁၃

       photo New-14-june.gif
    • ဒီနုတ်ဘလော့ဂ်ရဲ့ပင်တိုင် ဒါနရှင်ဖြစ်တဲ့ ကိုသူရသော်သော် ပို့လှူထားတာကြာပြီဖြစ်တဲ့ Android ဖုံးနဲ့ ဂစ်တာပရိုဖိုင်တွေ ဖွင့်နားထောင်ကြည့်ရှုလို့ရ တဲ့ ဆော့ဖ်ဝဲနဲ့ Android ဖုံးနဲ့ ဂစ်တာကြိုးညှိတဲ့ ဆော့ဖ်ဝဲတွေ၊ ကိုခိုင်စုလင်းရဲ့ မြန်မာနုတ်စ်ဘလော့ဂ် ကို Android ဖုံးနဲ့ကြည့်လို့ရမဲ့ ဆော့ဖ်ဝဲများ အတွက် အခန်း (၈၁) Android App for Myanmar Notes အခန်းသစ်နဲ့ အခန်း (၈၂) အထောက်အကူပြုနည်းပညာဆော့ဖ်ဝဲများ အခန်းသစ်တို့ကို မအားတဲ့ကြားက ဖွင့်ပေးလိုက်ပြီဗျို့!!!!! .

     


    ၂၆-၄-၂၀၁၃



    • ချစ်စမ်းမောင်ရဲ့ ဟိုးအရင်တုန်းကထွက်ခဲ့တဲ့ ခြောက်ကြိုးကဝေ ဆိုတဲ့ ဂစ်တာလက်စွမ်းပြ အခွေပါ။ ဘယ်ဆိုင်မှာမှဝယ်လို့မရတော့ပါဘူး ကျွန်တော်တောင်အသဲအသန်လိုက်ရှာထားရတာပါ လိုခြင်းနေသူများအတွက် ဆရာချစ်အခန်း(၆၀) ထဲမှာ တင်ပေး လိုက်ပါ တယ် ဒေါင်းလုပ်ရယူကြပါကုန်....




    ၂၅-၄-၂၀၁၃
    • Eminem နဲ့ Rihanna တို့ရဲ့ကမ္ဘာပေါ်မှာ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Love the Way You Lie ဆိုတဲ့ သီချင်းကို acoustic version နဲ့ရော rihanna ဆိုထားတဲ့ တစ်ပုဒ်လုံးစာ version နှစ်ခုစလုံးကို အခန်း(၁၉) ထဲမှာတင်ပေးလိုက်ပါတယ်



      ၂၄-၄-၂၀၁၃ 
    • Metallica အဖွဲ့ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့အပြင် နိုင်ငံတကာမှာလည်း လေ့ကျင့်ထားသင့်တဲ့ guitar riff စာရင်းထဲအပါအဝင်ဖြစ်တဲ့ Master of Puppets သီချင်းကို  အခန်း(၁၈) ထဲမှာတင်ပေးလိုက်ပါတယ် Heavy Metal ကြိုက်တဲ့သူတွေ တီးလိုက်ကြပါဦးးဗျာ...
     
    • ကို ပါလုံ ထပ်မံ လှူဒါန်းလာတဲ့ နေမျိုးရဲ့ ကျောခြင်းကပ်ဆိုတဲ့ နုတ်ကို တင်ပေးလိုက်ပါတယ်ဗျာ





    ၂၂-၄-၂၀၁၃ 



    • ညီတော်မောင် (ပါလုံ)ထပ်ပို့လှူလာတဲ့တော်တော်ကောင်းတဲ့ ကလပ်စစ်ကယ်ဂစ်တာသမား လူငယ်လေး Sungha Jung  ရဲ့ ကလပ်စစ်ကယ် ဂစ်တာပရိုနုတ် ထူးရှယ်အလန်းတွေကို အခန်း(၁၉) Classical Notations များ အခန်းထဲမှာ တင်ပေးလိုက်ပါတယ်နော်။ သင်္ကြန်အပြီး..မြန်မာနုတ်စ်ဘလော့ဂ် ရဲ့ နှစ်သစ်ကူး လက်ဆောင်မွန်ပေါ့ခင်ဗျာ.......................



    ၁၅-၄-၂၀၁၃ 


    •  မင်းသန့်လွင်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းမှုဆိုပြီး ညီငယ်လေး (ညီညီ)က ကောင်းကင်ထဲကမြစ်တစ်စင်းကို ဂစ်တာပရို-၆နဲ့ထုတ်ပို့လှူလာလို့ လုံးဝလုံးဝမအားတဲ့ကြားက နုတ်ကလေးက ကောင်းလွန်းလို့ ငှက်ကြီးအခန်းထဲမှာဝင် တင်ပေးလိုက်တာပါ။  





     ၂၂-၁-၂၀၁၃ 


     ကို ထူးအောင်ကျော် လှူလာတဲ့  အောက်ပါ ဂစ်တာပရိုနုတ်စ်များကို ဆိုင်ရာအခန်းတွေမှာတင်လိုက်ပါတယ်။လုံးဝမအားလို့မတင်ဖြစ်တာပါ။


    • (၁) ဟန်ထွန်း....ရှိနေမယ်
    • (၂) Sungha ၏ Classical Notations ဂစ်တာပရိုနုတ် (၂)ခုကို အခန်း (၁၉)ထဲမှာ တင်ခဲ့ပါတယ်။




     ၃၀-၁၂-၂၀၁၂ 
    • အသင်ချိုဆွေ အခန်းသစ် အမှတ်(၆၅) ထဲမှာ နမ်းမှာလား သီချင်း ဂစ်တာပရို-၆ နုတ်(၂)မျိုးကို WinRar နဲ့ ကုဒ် တင် ပေးလိုက်ပါတယ်။ 






     ၂၇-၁၂-၂၀၁၂ 

    ကိုပါလုံ၏ အလှူ နတ်လူ သာဓုခေါ်စေသောဝ်(နောက်တာမဟုတ်ပါ)
    အောက်ပါ ဂစ်တာပရို-၅ တန်ဖိုးကြီးနုတ်များ အပင်ပန်းခံ ရေးသားပေးပို့လှူဒါန်းလာမှုကြောင့်ဖြစ် ပါသည်။
    ဂီတဘော်ဘော်များ သွားဒေါင်းကုသိုလ်ယူနိုင်ကြပါပြီခင်ဗျာ။

    • အချစ်ဦးပုံပြင် (၀ိုင်းစုခိုင်သိန်း)(classical)
    • နွေအိပ်မက် (လင်းလင်း-အမှန်တရား)
    • ဝေးပြီးတဲ့နောက်(g latt  ဘာလာလာ)



     ၂၆-၁၂-၂၀၁၂ 

    • အခန်း(၂၆) ၀ိုင်ဝိုင်း အခန်း ထဲမှာ ကိုစိုးလေးယနေ့တောင်းတဲ့ တွေ့ဆုံခွင့် နုတ်ကို တင် လိုက် ပါတယ်။
    •  ကိုစစ်အောင်   က ၁၅-၆-၁၂ ရက်နေ့ကတည်းက လှူထား တဲ့ဝိုင်ဝိုင်းရဲ့ သင်ခန်းစာ ဂစ်တာပရို-၆ နုတ်စ်ကို   လုံးဝမအားကြလို့ မေးလ်တောင်မဖွင့်နိုင်လို့ အခုမှတင်နိုင်တာကို ခွင့်လွှတ်ပေးကြပါ။ ကိုစစ်အောင်နဲ့ ၀ိုင်ဝိုင်းပရိတ်သတ်များခင်ဗျာ. 
    • ကိုစစ်အောင်ရဲ့ မေးလ်စာလေးကိုပါ စိတ်ဝင်စားဖွယ်ဖြစ်အောင်အောက်မှာဖေါ်ပြပေးလိုက်ပါတယ်-
                             " ၃။  ၀ိုင်ဝိုင်း သင်ခန်းစာ -- သီချင်း mood ကိုကြိုက်လို့ လုပ်ထားတာပါ။ solo က အရမ်းတီးလို့ကောင်းပါတယ်။ strings backing ကလဲ နားထောင်လို့အရမ်းကောင်းပါတယ်။"  









    • ဆုန်သင်းပါရ် အခန်းသစ် ထဲမှာ သူလေး သီချင်း ပုံနှိပ်ထားတဲ့ တရုတ်နုတ် ကို  တင်လိုက်ပါ တယ်။ Lazy Club ၀ိုင်းနဲ့ Lady Rock Live-Show အခွေထဲမှာ ကိုညီထွဋ်ရဲ့ ရှင်သန်ခြင်း-၂ ထဲက သီချင်းကို ဆုန်သင်းပါရ်ကပြန်ဆိုထားခြင်းပါ   





    •  R ဇာနည် အခန်း ထဲမှာ အသည်းကွဲမြို့တော်  သီချင်း ကို ဂစ်တာပရိုနုတ်ရော၊ တရုတ်နုတ်ရော (၂)မျိုးစလုံးတွဲတင်လိုက်ပါတယ်။ ကြိုက်ရာဒေါင်းသုံးပါ။  R-ဇာနည်အခန်းက တော့ သူ့ နံမည်ကြီး သီချင်းနုတ်တွေတော်တော်များများနဲ့ စည်ကားနေပါပြီ။




     ၁၉-၁၂-၂၀၁၂ 





    • ဟန်ထွန်း အခန်း ထဲမှာ တို့ဘ၀သစ်နေ့ သီချင်း နုတ်စ်ကို  ကိုစစ်အောင်က   က ဂစ်တာပရို-၆  နဲ့ ရေးပြီးပို့ ထားတဲ့ တက်ဘ် လေးတင်လိုက်ပါ တယ်။ 
    • အခန်း(၇၀)အဖြစ် သွားလေသူ ကိုခင်ဝမ်းအခန်းသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ ဆြာအေးဆီကယူထားတဲ့သူ့ရဲ့ နံမည်ကြီး သီချင်းသုံးပုဒ်ရဲ့   တရုတ်နုတ်တွေနဲ့    စတင်လိုက်ပါတယ်။ အခြား ကိုခင်ဝမ်းနုတ်များရှိပါရင်လည်း ကျွန်တော် တို့မေးကိုပေးပို့ လှူဒါန်းပေးကြပါအုံးခင်ဗျာ။ 





     ၁၆-၁၂-၂၀၁၂ 
    • အခန်း(၆၆) ညဏ်လင်းအောင် အခန်းသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ ဆြာအေးဆီကယူထားတဲ့ တရုတ်နုတ် တွေ နဲ့ သူ့နံမည်ကြီး သီချင်း (၃)ပုဒ်စာ ကို တင်လိုက်ပါတယ်။ 







    • အခန်း(၆၉)ပူစူး အခန်းသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ ဆြာအေးရဲ့    တရုတ်နုတ်တွေနဲ့   ကိုမိုးဝင်းအောင်ပို့   တဲ့ ဂစ်တာပရို နုတ် တွေ ကို တင်လိုက်ပါတယ်။







    ၁၀-၁၂-၂၀၁၂  

    • အခန်း(၆၈) လင်းနစ် အခန်းသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ သူ့နံမည်ကြီးသီချင်း ဒီဇင်ဘာည အပါအ၀င် လက်ခံရရှိထား တဲ့ နုတ်(၃)ပုဒ် တင်လိုက်ပါတယ်။






     ၉-၁၂-၂၀၁၂ 


    • အခန်း(၆၃)ဆိုတေး အခန်းသစ်ကို ဖွင့်လှစ်လိုက်ပြီး၊  ဘော်ဘော်-ကိုဖိုးအေး ( One Man Band ) ထုတ်ထားတဲ့ မီးအိမ်ရှင်အခွေထဲကနုတ်တွေတော်တော်များများကို တင်လိုက်ပါတယ်။ဆိုတေးက ဒီနှစ်ထဲမှာနံမည်ရခဲ့တဲ့အဆိုတော်အသစ်တစ်ယောက်ဖြစ်ပါတယ်။ 











    ဂီတ၀ါသနာတူသူငယ်ချင်းများရဲ့

    Glitter Words